印刷

更新日:2025年2月28日

ページID:102461

ここから本文です。

結核ミャンマー語

မြန်မာ

တီဘီရောဂါဆိုတာဘာလဲ။

結核とは?

တီဘီရောဂါသည် တီဘီဗက်တီးရီးယားများကို ရှူရှိုက်မိခြင်းကြောင့် အဆုတ်တွင် ရောင်ရမ်းမှုကို အဓိကဖြစ်စေသော ရောဂါဖြစ်သည်။

တီဘီဗက်တီးရီးယားတွေကို ရှူရှိုက်မိလျှင်တောင် ကျန်းမာစွာ ရှိနေလျှင် ခန္ဓာကိုယ် ခုခံအားစနစ်က တီဘီဗက်တီးရီးယားတွေကို နှိမ်နင်းပေးပါလိမ့်မည် ။

လူတိုင်းက တီဘီရောဂါ မဖြစ်နိုင်ပါဘူး ။

咳 胸痛 発熱

အလုပ်အလွန်အကျွံလုပ်ခြင်း သို့မဟုတ် နေထိုင်မှုပုံစံ စနစ်မကျခြင်းကြောင့် ခန္ဓာကိုယ် ခုခံအားက အားနည်းပါက ဖျားနာနိုင်ခြေပိုများပါသည်။

တီဘီရောဂါဖြင့်ဖျားသောအခါတွင် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ အဖျားတက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခန္ဓာကိုယ်မအီမသာဖြစ်ခြင်းနှင့် ညဘက်ချွေးထွက်များခြင်းတို့ ဖြစ်တတ်သည်။

ကနဦး တီဘီလက္ခဏာများသည် အအေးမိခြင်း နှင့် ဆင်တူ၍ ဆေးဝါးများသောက်သော်လည်း မပျောက်ကင်းပါ။

ဒီလိုရောဂါများလက္ခဏာတွေက နှစ်ပတ်ကျော်ကြာနေလျှင် တတ်နိုင်သမျှ အမြန်ဆုံး ဆေးကုသမှုခံယူပါ။

ဂျပန်ဥပဒေအရ ရောဂါလက္ခဏာများ ပြင်းထန်သော လူနာသည် မဖြစ်မနေဆေးရုံတွင် ကုသမှုခံယူရပါမည် ။

ရောဂါလက္ခဏာ မပြင်းထန်သောလူနာသည် ဆေးရုံဆေးခန်းသွားပြီး ကုသမှု ခံယူနိုင်သည်။

တီဘီရောဂါသည် ဆေးကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည့် ကြောက်စရာကောင်းသော ကူးစက်ရောဂါဖြစ်သော်လည်း ဆေးသောက်ခြင်းဖြင့် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။

結核は、結核菌を吸い込むことにより、主に肺に炎症が起こる病気です。

結核菌を吸い込んでも健康であれば、免疫の働きによって結核菌を抑え込んでしまいます。すべての人が発病するわけではありません。

過労や不規則な生活が続いて免疫力が低下したとき発病しやすくなります。

発病すると、せき、たん、発熱、胸痛、体のだるさ、寝汗が見られます。

初めの症状は、かぜと似ていますが、かぜ薬を飲んでも治りません。

こんな症状が2週間以上も続くときは、早めに医療機関を受診しましょう。

症状の重い人は、日本の法律により、入院して治療しなければなりません。

症状が軽い人は、通院で治療できます。

結核は、治療しなければ死亡することもある怖い感染症ですが、薬を飲めば治る病気です。

ရောဂါကူးစက်လမ်းကြောင်း

感染経路

တီဘီရောဂါသည် ရောဂါအခြေအနေဆိုးလာသည်နှင့်အမျှ ချောင်းဆိုး နှာချေခြင်းဖြင့် လေထဲသို့ တီဘီရောဂါပိုး ထွက်လာနိုင်သည်။

ထိုတီဘီဗက်တီးရီးယားပိုးကို ရှူရှိုက်ခြင်းဖြင့် ပိုးသည် သင့်ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပါသည်။ (လေမှတဆင့် ကူးစက်ခြင်း)

結核が進行すると、せきや、くしゃみによって、空気中に結核菌が出てくるようになります。咳感染

その結核菌を吸い込むことにより、まわりの人に感染が広がります。(空気感染)

တီဘီရောဂါကုသမှု

結核の治療

တီဘီရောဂါကုသရာမှုတွင်အဓိကဆေးဝါးသောက်ခြင်းဖြင့် ကုသပါသည်။

တီဘီရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို ၆ လမှ ၁၂ လခန့် သောက်ရပါမည်။診察

ပြင်းထန်သော လက္ခဏာများ ရှိသူများသည် နှစ်လခန့် ဆေးရုံတင်သင့်ပါသည်။

 

 

ဆေးရုံတက်ရသော ရည်ရွယ်ချက်သည် သင့်တော်သော ကုသမှုခံယူရန်နှင့် ဆေးရုံတက်ရသော ရည်ရွယ်ချက်သည် သင့်တော်သော ကုသမှုခံယူရန်နှင့် သင့်ပတ်ဝန်းကျင်က လူတွေကို ကူးစက်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

သင်၏ရောဂါအခြေအနေပေါ် မူတည်၍ ဆေးရုံတက်ချိန်ပိုကြာနိုင်သည်။

ခန္ဓာကိုယ်ထဲတွင် တီဘီဘက်တီးရီးယားပိုးအရေအတွက် လျော့နည်းသွားတဲ့အခါ ဆေးရုံကဆင်းနိုင်ပါ သည်။

薬

ဆေးရုံမှဆင်းပြီးသည့်တိုင် 4 လကြာ ဆေးကိုဆက်လက်သောက်ပါ။

နေ့တိုင်း ဆေးသောက်နေလျှင် ပုံမှန်အတိုင်းအလုပ် ဒါမှမဟုတ် ကျောင်းသွားနိုင်ပါ သည်။

အလုပ်သို့ ကျောင်းသွားသည့်အခါ သင့်ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာပါ။

ရောလက္ခဏာ မပြင်းသောသူသည် သောက်ဆေးဖြင့် ကုသမှူ ခံယူနိုင်သည်။

သောက်ဆေးဖြင့် ကုသမှူ ကြာချိန်သည် ၆ လဖြစ်သည်။

သောက်ဆေးဖြင့် ကုသမှူ ခံယူစဉ် အလုပ် ဒါမှမဟုတ် ကျောင်းသွားနိုင် သည်။

結核の治療は、服薬治療が中心になります。

結核と診断されたら、医師の指示どおりに、約6か月から12か月間、薬を飲んでください。

症状が重い人は、約2カ月間、入院してください。

入院の目的は、適切な治療を受けるためと、まわりの人への感染を防ぐためです。

体の状態によっては、入院期間が長くなることがあります。

体の中の結核菌が少なくなると退院できます。

退院しても、4か月間は薬を飲み続けてください。

毎日服薬していれば、仕事や学校に行くことができます。

仕事や学校に行く時期は医師の指示に従ってください。

症状が軽い人は、通院にて服薬治療を行います。

服薬する期間は6カ月間です。

服薬治療中は、仕事や学校に行っても構いません。

ဒီဆေးသောက်နေစဉ်မှာ အဟာရမျှတစွာစားသုံးပြီး လုံလောက်စွာ အိပ်စက်ပါ။

ရောဂါလက္ခဏာများ သက်သာသွားသော်လည်း ဆေးသောက်ခြင်းကို ရပ်လိုက်ပါက ရောဂါလက္ခဏာများ ပြန်ပေါ်လာချိန်တွင် ဆေးအာနိသင် ထိရောက်မှု မရှိနိုင် ဖြစ်တတ်ပါသည်။

ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာပါ။

 

食事 睡眠

服薬中は、栄養バランスのよい食事と十分な睡眠を取ってください。

症状が治まったからといって勝手に薬を止めると、再発したり、薬が効かなくなることがあります。

必ず医師の指示に従ってください。

အထွေထွေကုသမှု

一般的な治療

တီဘီရောဂါအတွက်ဆေးဝါးတစ်မျိုးတည်းကိုသာ အသုံးပြုပါက ၎င်းကို ခုခံနိုင်စွမ်းရှိလာမည်ဖြစ်သဖြင့် ကုသမှုအတွက် ဆေးဝါးအများအပြားကို အသုံးပြုကြသည်။

ဆေးနှင့်တီဘီရောဂါကို တိုက်ဖျက်ရန် အနည်းဆုံး 6 လ လိုအပ်ပါသည်။ ဆေးကို 6 လ သို့မဟုတ် ထို့ထက်ပို၍ သောက်ရပါမည်။

結核の薬を単独で使うと薬に対して耐性ができてしまうので、複数の薬で治療します。

薬で結核菌を殺すには最低6カ月が必要です。6か月以上服薬しなければならないこともあります。

期間1

ငုပ်လျှိုးနေသော တီဘီရောဂါကူးစက်မှုကို ကုသခြင်း။

潜在性結核感染症の治療

အကယ်၍ သင့်တွင်တီဘီရောဂါ ဖြစ်ပွားနိုင်ခြေရှိကြောင်း စစ်ဆေးတွေ့ရှိပါက ရောဂါမဖြစ်ပွားစေရန် ကာကွယ်ရန် ကြိုဆင်ဆေးသောက်ရမည် ဖြစ်သည်။

ရောဂါရှိသည်မဟုတ်သောကြောင့် အခြားသူများကို ကူးစက်မည်ကို စိုးရိမ်စရာမလိုပါ။

ခွင့်ပြုချက်မရပဲ ဆေးသောက်ခြင်းကို ရပ်လိုက်ပါက ပိုးတွေ ခံနိုင်ရည်ရှိလာပြီး ရောဂါဖြစ်ခဲ့လျှင် ဆေးသောက်လဲ ဆေးမတိုးတော့ပါ။

ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာပါ။

結核発病の危険があると診断されたときは、発病を予防する薬を飲んでもらいます。

発病ではないので、他の人に感染させる心配はありません。

勝手に服薬を中止すると、菌に耐性がついて発病したときに薬が効かなくなります。

必ず医師の指示に従ってください。

期間2

isoniazid (INH) နှင့် rifampicin (RFP) ဟုခေါ်သော ဆေးများကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းရှိ တီဘီပိုးကို တိုက်ခိုက်ပေးသည်။

သောက်ဆေးကာလ isoniazid (INH) တစ်ခုတည်းသောက်လျှင် 6 လ၊ isoniazid (INH) နှင့် rifampicin (RFP) ကို သောက်ပါက ၃ လမှ ၄ လအထိ သောက်ပါ။ ဘေးထွက်ဆိုးကျိုးများကြောင့် isoniazid (INH) ကို အသုံးမပြုနိုင်ပါက rifampicin (RFP) ကို 4 လကြာ သောက်သည်။

ဆေးနှင့်သောက်ဆေးကြာချိန်တွင် ကွာခြားချက်များရှိသော်လည်း ကြိုတင်ကာကွယ်မှုအာနိသင်မှာ အတူတူပင်ဖြစ်သည်။

ဆေးကို တစ်နေ့တစ်ကြိမ် ပုံမှန်ဆက်သောက်ရန် အရေးကြီးသည်။

イソニアジド(INH)やリファンピシン(RFP)という薬を使って、体の中の結核菌を退治します。

服薬期間は、イソニアジド(INH)だけ飲む場合は、6カ月間、イソニアジド(INH)とリファンピシン(RFP)を飲む場合は、3カ月間から4カ月間、副作用などでイソニアジド(INH)が使えないときは、リファンピシン(RFP)を4カ月間服薬します。

薬や服薬期間に違いがありますが、予防効果は同じです。

တီဘီဆေး၏ ဘေးထွက်ဆိုးကျိုးများ

結核薬の副作用

ဘေးထွက်ဆိုးကျိုးဟုထင်ရသော လက္ခဏာများခံစားရပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

副作用と思われる症状がでたら、医師に相談してください。

ဆေးနာမည်

အဓိကဘေးထွက်ဆိုးကျိုးများ

薬名

主な副作用

I N H

လက်ချောင်းထိပ်များထုံကျင်ခြင်း၊ ယားယံခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသည်းပျက်စီးခြင်း၊ အနီဖုများထွက်ခြင်း။

指先のしびれ、かゆみ、食欲不振、肝障害、発疹
R F P

အသည်းပျက်စီးခြင်း၊ အစာအိမ် အူလမ်းကြောင်း ပျက်စီးခြင်း၊ ယားယံခြင်း၊

肝障害、胃腸障害、発疹、かゆみ

ဆီးက အနီရောင်ပြောင်းသွားပေမယ့် စိတ်ပူစရာမရှိပါဘူး။

尿が赤くなりますが心配ありません。
E B

အမြင်အာရုံ ကျဆင်းခြင်း၊ ဥမင်မြင်ယောင်ခြင်း၊ ခြေလက်အောက်ပိုင်း ထုံကျင်ခြင်း။

視力の低下、視野狭窄、下肢のしびれ
P Z A

အသည်းပျက်စီးခြင်း၊ အဆစ်နာခြင်း သွေးတွင်းUric acidများခြင်း

肝障害、関節痛、高尿酸血症
S M

မူးဝေခြင်း၊ နားအူခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း။

めまい、耳鳴り、難聴、腎障害
L V F X

မူးဝေခြင်း၊ ပျို့ခြင်း၊ အိပ်မပျော်ခြင်း၊ ယားယံခြင်း။

めまい、吐き気、不眠、発疹

တီဘီဆေးသောက်နေစဉ် အရက်ကို မသောက်ရပါ။ ။

အရက်သောက်ခဲ့လျှင် ဆေးဝါးနဲ့ အရက်ကြောင့် အသည်းကို ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ဆေးသောက်နေစဉ်မှာ မျှတစွာအစားအသောက်ကို စားပြီး လုံလောက်စွာ အိပ်စက်ပါ။

結核の薬を服用している間は、お酒は禁止です。

お酒を飲むと、薬とお酒のため肝臓に大きな負担がかかります。

服薬中は、栄養バランスのよい食事と十分な睡眠を取ってください。

တီဘီရောဂါအတွက် ပြည်သူ့ဘဏ္ဍာငွေစနစ်

結核医療費の公費負担制度

တီဘီရောဂါကုသစရိတ်ကို ကျန်းမာရေးအာမခံနှင့် ဂျပန်အစိုးရ (ပြည်သူ့ဘဏ္ဍာငွေ) ဖြင့် ထောက်ပံ့ပါမည်

ဆေးရုံတက်ခဲ့လျှင် ဆေးရုံစတက်သည့်အချိန်မှ ဆေးရုံဆင်းသည့်အချိန်ထိ ဆေးကုသမှုစရိတ်နှင့်ဆေးရုံတက်စဉ်စားစရိတ်များကိုကျန်းမာရေးအာမခံနှင့်ဂျပန်အစိုးရက ထောက်ပံ့ပါမည်

ဆေးခန်းသွားခဲ့လျှင်ကုသမှူအတွက် ကုန်ကျသောကုသစရိတ် ၉၅% ပေးပါမည်။

နိုင်ငံခြားသားများနှင့် ကျန်းမာရေး အာမခံကတ် မရှိသော သူများလည်း အသုံးပြုနိုင်သည်။

သို့ရာတွင် တီဘီရောဂါလို့ သတ်မှတ်လို့မရသေးသောအချိန်ထိ ကုန်ကျခဲ့သောစရိတ်နှင့်အခြားသောရောဂါများကြောင့် ကုန်ကျခဲ့သောစရိတ်များကို င်ကိုယ်တိုင်ပေးဆောင်ရပါမည်။

結核の治療にかかる費用は、健康保険と日本の国(公費)が負担します。

入院の場合は、入院から退院までの治療にかかる費用と入院中の食費も、健康保険と日本の国が支払います。

通院の場合は、治療にかかる費用の95%を支払います。

外国人や健康保険証を持っていない人も利用できます。

ただし、結核と診断されるまでにかかった費用や、他の病気の治療費はあなたが負担してください。

ပြည်သူ့ဘဏ္ဍာငွေပေးဆောင်မှု့စနစ် လုပ်ထုံးလုပ်နည်းများ

公費負担制度の手続き

ပြည်သူ့ဘဏ္ဍာငွေပေးဆောင်မှု့စနစ်ကို အသုံးပြုရန်၊ သင်နေထိုင်သည့် ပြည်သူ့ကျန်းမာရေးဌာနတွင် လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ပါ။

公費負担申請

ဆေးရုံတက်လျှင် အောက်ပါ (1) (2) (3) (4) (5) သို့မဟုတ် (6) ကို ပြည်သူ့ကျန်းမာရေးဌာနသို့ ယူဆောင်လာပါ

ဆေးရုံတက်သည့်နေ့မှစပြီး ပြည်သူ့ဘဏ္ဍာကုန်ကျစရိတ်များကို ကျခံပေးမည်ဖြစ်ပါသည်။

公費負担制度を利用するには、あなたが住んでいる所の保健所で手続きをしてください。

入院の場合

次の(1)、(2)、(3)、(4)、(5)または(6)を、保健所に持ってきてください。

入院した日から公費負担を適用します。

 

ကျန်းမာရေးဌာနကို ယူဆောင်လာရမည့် ပစ္စည်း

保健所に持ってくるもの

ရယူနိုင်မည့်နေရာ

もらう所

 
(1)

တီဘီရောဂါဆေးဝါးကုသစရိတ် အတွက် ပြည်သူ့ဘဏ္ဍာငွေလျှောက်လွှာ၊(ဆေးရုံတက်ရန်အတွက်)

結核医療費公費負担申請書(入院用)

ဆေးရုံ

病院

 
(2)

ဓာတ်မှန်ပုံ

エックス線写真

ဆေးရုံ

病院

 
(3)

ကျန်းမာရေးအာမခံကတ်

健康保険証

 

ကျန်းမာရေးအာမခံကတ်မရှိလျှင် မလိုအပ်ပါ။

健康保険証を持っていない方は不要です。

(4)

မိသားစုဝင်အားလုံး၏အိမ်ထောင်စုဇယား

*ပတ်သက်မှုအချက်အလက်ပါဝင်သည့်အရာ

世帯全員の住民票

続柄が書かれているもの

 မြို့တော်ခန်းမ

市役所

ထုတ်ခ ကုန်ကျပါမည်

発行手数料がかかります。

(5)

အိမ်ထောင်စုဝင်အားလုံးအတွက် "မြို့/ခရိုင်အခွန်ကောက်ခံမှုလက်မှတ်

*အသက် 16 နှစ်အောက်တွေအတွက် ခွဲစရာ မလိုပါဘူး။

ဧပြီလ 1 ရက်မှ ဇွန်လ 30 ရက်အတွင်း ဆေးရုံတက်ပါက၊ ယခင်နှစ်၏မြို့/ခရိုင်အခွန်ကောက်ခံမှုလက်မှတ်ကို တင်ပြပါ။

ဇူလိုင် ၁ ရက်မှ မတ်လ ၃၁ ရက်ကြားတွင် ဆေးရုံတက်ပါက၊ လက်ရှိနှစ်၏ မြို့/ခရိုင်အခွန်ကောက်ခံမှု လက်မှတ်ကို တင်ပြပါ။

世帯全員の「市・府民税課税証明書」

16歳未満の方の分はいりません

入院日が4月1日から6月30日までの方は、前年度分の市・府民税課税証明書

入院日が7月1日から3月31日までの方は、今年度分の市・府民税課税証明書

 မြို့တော်ခန်းမ

市役所

ထုတ်ခ ကုန်ကျပါမည်

発行手数料がかかります。

လူမှုဖူလုံရေးကူညီမှုကိုလက်ခံထားသောသူသည်မြို့/ခရိုင်အခွန်အကောက်လက်မှတ် မလိုအပ်ပါ။

生活保護を受けている方は、市・府民税課税証明書は不要です。

(6)

လူမှုဖူလုံရေးကူညီမှုကိုလက်ခံထားသောသူ ပြေစာလက်မှတ်

生活保護受給証明書

လူမှုဖူလုံရေးရုံး

福祉事務所

လူမှုဖူလုံရေးကူညီမှုကိုလက်ခံထားသောသူသည် ပြေစာလက်မှတ်အထောက်အထားကို ယူဆောင်လာပါ။

生活保護を受けている方は、生活保護受給証明書を持ってきてください。

ဆေးရုံဆေးခန်းသွားခဲ့လျှင်

通院の場合

အောက်ပါ (1) (2) (3) ကို ပြည်သူ့ကျန်းမာရေးဌာနသို့ ယူဆောင်လာပါ

ပြည်သူ့ကျန်းမာရေးဌာနမှ လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှစ၍ ပြည်သူ့ဘဏ္ဍာငွေကို အကျုံးဝင်မည်ဖြစ်သည်။

ကုသမှုမစတင်မီ လုပ်ငန်းစဉ်ကို အပြီးသတ်ပါ။

通院

次の(1)、(2)、(3)を、保健所に持ってきてください。

保健所が申請書を受理した日から公費負担を適用します。

治療を始める前に手続きをしてください。

 

 

ကျန်းမာရေးဌာနကို ယူဆောင်လာရမည့် ပစ္စည်း

保健所に持ってくるもの

ရယူနိုင်မည့်နေရာ

もらう所

 
(1)

တီဘီရောဂါဆေးဝါးကုသစရိတ်အတွက် ပြည်သူ့ဘဏ္ဍာငွေလျှောက်လွှာ၊(ပြင်ပလူနာ ကုသမှု)

結核医療費公費負担申請書(通院用)

ဆေးရုံ

病院

 
(2)

ဓာတ်မှန်ပုံ

エックス線写真

ဆေးရုံ

病院

 

(3)

ကျန်းမာရေးအာမခံကတ်

健康保険証

 

ကျန်းမာရေးအာမခံကတ်မရှိလျှင် မလိုအပ်ပါ။

健康保険証を持っていない方は不要です。

ကုသမှုပြီးနောက်နောက်ဆက်တွဲ

治療後の経過観察

ဆေးသောက်ပြီး သင့်ခန္ဓာကိုယ်ထဲက တီဘီပိုးတွေ သေသွားသော အခါ ဆေးကုသမှုက ပြီးဆုံးပါသည်။

သို့သော်တခါတလေ တီဘီရောဂါပြန်ဖြစ်နိုင်သောကြောင့် ကုသမှုခံယူပြီးနှစ်နှစ်အတွင်းပုံမှန်ဓာတ်မှန်ရိုက်ခြင်းနှင့် သလိပ်စစ်ဆေးမှုကို ခံယူပါ။

ပြည်သူ့ကျန်းမာရေးဌာနမှာ ဆေးစစ်လို့ရပါတယ်။

ကုန်ကျစရိတ်လည်း မရှိပါဘူး။

エックス線検査

စစ်ဆေးမှုအချိန်ကျလာလျှင်သင့်အားအကြောင်းကြားမည်ဖြစ်သောကြောင့် ပြည်သူ့ကျန်းမာရေးဌာနသို့ လာပါ။

薬を飲んで、体の中の結核菌が死んでしまうと治療は終わりです。

しかし、まれに再発することがありますので、治療が終わってから2年間は、定期的にエックス線検査や、たんの検査を受けてください。

保健所で検査を受けることができます。費用はかかりません。

検査の時期がきたらお知らせしますので、保健所に来てください。

 

နောက်စာမျက်နှာ 次のページ>>

より良いウェブサイトにするためにみなさまのご意見をお聞かせください

このページの情報は役に立ちましたか?

このページの情報は見つけやすかったですか?